မျှော်လင့်ချက်တွေပေးတဲ့ ဆပ်ပြာ
သစ်သီးတွေထည့်လုပ်ထားသကြားလုံးတွေနဲ့ အင်မတန်တူတဲ့ ဆပ်ပြာတုံးတွေဟာ အခုအခါ လူကြိုက်များနေပါတယ်။ အဲဒီဆပ်ပြာတုံးတွေကို မသန်စွမ်းတဲ့သူတွေက ပြုလုပ်တာ ဖြစ်ပါတယ်။ ခါနာဂါဝါခရိုင် အိုဒါ့ဝါရာ့မြို့က ဆပ်ပြာစက်ရုံတစ်ရုံမှာ အလုပ်သမား ၂၄ ဦး အလုပ်လုပ်နေပါတယ်။ သူတို့တတွေဟာ ဉာဏ်ရည်ချို့တဲ့သူ ၊ စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ မသန်စွမ်းတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့တတွေဟာ လုပ်ငန်းသစ်တွေကို ဆက်လက် လုပ်ကိုင်နေကြသလို စက်က ပုံစံတူ လိုက်မလုပ်နိုင်တဲ့ ပြောင်မြောက်တဲ့ အရည်အသွေးတွေနဲ့ လုပ်ကိုင်နေကြပါတယ်။ လူတစ်ဦးချင်းစီ အတူတူ လက်တွဲလုပ်နိုင်တဲ့ သေးငယ်ပြီး အောင်မြင်နေတဲ့ ဆပ်ပြာစက်ရုံအကြောင်း နားဆင်ရပါမယ်။ (ဒီအစီအစဥ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တင်ဆက်ခဲ့ပါတယ်)
တကယ့်သစ်သီးစိတ်လေးတွေထည့်ထားသလိုမျိုး ဖြစ်နေတဲ့ ဆပ်ပြာတုံးများ
ဆပ်ပြာတုံးတွေကို မသန်စွမ်းသူတွေ ကိုယ်တိုင် လက်နဲ့ပြုလုပ်ထားပါတယ်။
ကုမ္ပဏီအကြီးအကဲ Kaoru Kambara