အကြီးအကျယ်ပြန်လည်တည်ဆောက်နေတဲ့ ရှီဘုယာ့
နှစ် ၁၀၀ မှာ တစ်ကြိမ် ဆိုသလိုမျိုး တိုကျိုမြို့က ရှီဘုယာ့အရပ်မှာ ပြန်လည်တည်ဆောက်မှုတွေကို လုပ်နေပါတယ်။ ရှီဘုယာ့ဘူတာတစ်ဝိုက်မှာ အလွန်မြင့်တဲ့ အဆောက်အဦတွေကို တစ်ခုပြီးတစ်ခု အပြိုင်အဆိုင်ဆောက်နေတော့ မြို့လယ် နေရာမှာ အကြီးအကျယ်ပြောင်းလဲလာနေပါတယ်။ ရုရှားအသံလွှင့်အစီအစဉ်က အန်နာစတာရှာ မိုနာကိုဗာ က အခုလိုအကြီးအကျယ်တည်ဆောက်မှုတွေက အရင်ကတည်းက ရှိလာခဲ့တဲ့ စတိုင်ကို ထိန်းသိမ်းထားနိုင်မလားဆိုတာတွေကို အစီရင်ခံ တင်ဆက်ထားပါတယ်။ (၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့အစီအစဉ်ပါ)
ကမ္ဘာကျော်တဲ့ လူကူးလမ်းဆုံကနေ အန်နာစတာရှာ မိုနာကိုဗာ အစီရင်ခံနေပါတယ်။ သူ့ရဲ့အနောက်မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ ဖွင့်လှစ်ခဲ့တဲ့ ၄၇ ထပ်ရှိတဲ့ Shibuya Scramble Square
၂ ထပ်မှာရှိတဲ့ စင်္ကြံက အထပ်မြင့်အဆောက်အဦတွေကို ဆက်သွယ်ပေးထားမှာပါ။ ပြန်လည်တည်ဆောက်မှုတွေ ပြီးသွားလို့ရှိရင် လူတွေဟာ အဲဒီစင်္ကြံတွေကနေတစ်ဆင့် အဆောက်အဦတွေရဲ့ မြေအောက် ၂ ထပ်နဲ့ မြေပေါ် ၄ ထပ်အကြား သွားလာနိုင်ပါမယ်။
ဘူတာရဲ့ တစ်ဖက်က Shibuya Center-Gai စျေးလမ်းဟာအထပ်မြင့်အဆောက်အဦတွေနဲ့ လုံးဝခြားနားနေပါတယ်။ အောက်ပိုင်းဘယ်ဘက်က တိုရှိယုကိ အိုးနို ဟာ Center-Gai တိုးမြှင့်ရေးအသင်းရဲ့ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ပြန်လည်တည်ဆောက်မှုတွေပြီးစီးမယ့် ၂၀၂၇ ဝန်းကျင်လောက်မှာ ရှိမယ့် ရှီဘုယာ့ဘူတာ ပတ်ဝန်းကျင်ရဲ့ ပုံရိပ်