ပြောဆိုဆွေးနွေးမှုများဖြင့် အိမ်တွင်းအောင်းများကို ကုစားခြင်း
ဂျပန်နိုင်ငံမှာ အလုပ်မသွား၊ ကျောင်းမသွားပဲ အိမ်ထဲမှာပဲ ၆ လ ကျော်နေပြီး ပြင်ပလောကနဲ့ ထိတွေ့ဆက်ဆံမှု နည်းနည်းလေးပဲရှိသူတွေကို ဟိကိကိုမိုရိ အိမ်တွင်းအောင်း လို့ ရည်ညွှန်းပြောဆိုကြပါတယ်။ အဲဒီလိုလူတွေဟာ ပျမ်းမျှ ၁.၁ သန်း ကျော်ရှိတယ်လို့ ခန့်မှန်းပါတယ်။ ၂၀၁၉ ခုနှစ် မေလမှာ မူလတန်းကလေးတွေ အများစုပါတဲ့ ဒဏ်ရာရ သေဆုံးသူ ၂၀ ရှိခဲ့တဲ့ အစုလိုက်အပြုံလိုက်ဓားထိုးမှု သတင်းအစီရင်ခံချက် ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် ဟိကိကိုမိုရိ တွေရဲ့ အခြေအနေတွေကို အပြည့်အဝနားမလည်ဘဲ တစ်ဖက်သတ်ပြောဆိုမှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဟိကိကိုမိုရိတွေ ပြောဆိုတာတွေကို နားထောင်ဖို့ ကြိုးစားနေသူတွေနဲ့ သူတို့တတွေနဲ့ စကားပြောဆိုပြီး ကုစားပေးနေတာတွေကို နားဆင်ရပါမယ်။
(၂၀၁၉ ခုနှစ်အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီစအဉ်ပါ)
အိမ်တွင်းအောင်း ဖြစ်ခဲ့သူတွေနဲ့ သူတို့ကို ပံ့ပိုးပေးနေသူများရဲ့ အရေးပေါ် အစည်းအဝေး
ဟိကိကိုမိုရိတွေကို နှစ်အတော်ကြာ ပံ့ပိုးပေးနေခဲ့တဲ့ ဆုကုဘာ့တက္ကသိုလ်က ပါမောက္ခ တာ့မာ့ကိ စိုင်းတိုး (Tamaki Saito)
"Hikikomori Newspaper" ရဲ့ အယ်ဒီတာချုပ် နာအို့ဟိရို့ ကိမုရာ့ (Naohiro Kimura) ဟာ အိမ်တွင်းအောင်း ဖြစ်ခဲ့သူပါ။