သင်ထောက်ကူကိရိယာဖြင့် တောက်ပတဲ့ အနာဂတ်ဆီသို့
ကမ္ဘောဒီးယားနိုင်ငံဟာ စီးပွားရေးတိုးတက်မှုနှုန်းမှာ မြင့်မားတဲ့စံချိန် တင်နေပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတွင်းက ဒေသအားလုံး အဲဒီအသီးအပွင့်ကို မခံစားရသေးပါဘူး။ စီးပွားရေးအင်အား ကွာဟချက်ကလည်း ကြီးမားလာနေပါတယ်။ ကျေးလက်တောရွာတွေမှာ ဆိုရင် မိဘတွေက ကျောင်းသုံးဖတ်စာအုပ်တွေ၊ စာရေးကိရိယာတွေကို ၀ယ်ပေးဖို့ မတတ်နိုင်တဲ့အတွက် ကလေးတွေရဲ့ ပညာသင်ယူလို စိတ်ဟာလည်း လျော့ကျလာနေပါတယ်။ အဲဒီလိုအခြေအနေမှာ ဂျပန်နိုင်ငံက Shuji Matsuoka ဟာ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကစားရာကနေတစ်ဆင့် လေ့လာသင်ယူတာတွေကို အထောက်အကူဖြစ်စေတဲ့ ပညာရေးဆိုင်ရာပစ္စည်းကိရိယာတွေကို တီထွင်နေပြီး မူလတန်းကျောင်းတွေကို အခမဲ့ ပေးဝေနေပါတယ်။ ကလေးတွေ ပျော်ရွှင်စွာနဲ့ ပညာသင်ယူလေ့လာနိုင်ရေးမှာ အထောက်အကူပေးနိုင်ဖို့ အသက် ၃၉ နှစ်အရွယ် ဂျပန်လူမျိုးရဲ့ ကြိုးပမ်းချက်တွေကို ဒီအစီအစဉ်ကနေ နားဆင်ရပါမယ်။ (၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ်)
Shuji Matsuoka ဟာ ပညာရေးဆိုင်ရာသင်ထောက်ကူပစ္စည်းတွေကို အခမဲ့ပေးဖို့ မူလတန်းကျောင်းတွေဆီ သွားပါတယ်။
Shuji Matsuoka
မြေပုံကို ကစားစရာအဖြစ်နဲ့ အသုံးပြုလို့ရပါတယ်။ ကလေးတွေဟာ အံစာတုံးလေးတွေကို လှိမ့်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင်း ပထမဦးဆုံး ခရီးလည်ပတ်သွားနိုင်အောင် ကြိုးစားနေပါတယ်။