Tokiko Kato
အဆိုတော်-တေးရေးသူ Tokiko Kato ဟာ သူနေထိုင်တဲ့ဘ၀ကို ထင်ဟပ်ပြီး Hyakumanbon no bara , Shiretoko Ryojo လိုမျိုး သီချင်းတွေကို ရေးစပ်သီဆိုတဲ့အတွက် သူ့ရဲ့ပရိသတ်တွေကို ကောင်းကောင်းဖမ်းစား နိုင်ခဲ့ပါတယ်။ အပျော်တမ်း Chanson တေးသီချင်းသီဆိုပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် တိုကျိုတက္ကသိုလ်မှာ ပညာသင်ယူနေစဥ် အဆိုတော်ဘ၀ကို စတင်ခြေချခဲ့ပါတယ်။ ကျောင်းသားဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့ပြီး ထောင်ကျနေတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ သူဟာ ရုပ်ရှင်သရုပ်ဆောင်၊ အာနီမဲဇာတ်ကားတွေမှာ အသံသရုပ်ဆောင် ၊ တက္ကသိုလ်မှာ သင်ကြားပို့ချတာတွေ လုပ်ရင်း သူ့ရဲ့ နယ်ပယ်ကို ချဲ့ထွင်နေခဲ့ပါတယ်။ ဒီအစီအစဥ်မှာ အဆိုတော်ဘ၀ နဲ့ ၅၅ နှစ်ကြာ လျှောက်လှမ်းခဲ့တာတွေကို နားဆင်ရပါမယ်။ 

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။