Eiichi Ohtaki
ကွယ်လွန်သူ တေးရေး-အဆိုတော် Eiichi Ohtaki  ဟာ ခေတ်ဟောင်းတေးသံစဥ်မှာ ခေတ်သစ်စာသားတွေထည့်သွင်းပြီး နူးညံ့တဲ့အသံနဲ့ သီဆိုခဲ့ပါတယ်။ သူဟာ ဂျပန် ကာလပေါ်တေးသီချင်းတွေရဲ့ သမိုင်းကြောင်းနဲ့ သီအိုရီတွေနဲ့ အကျွမ်း၀င်ခဲ့တဲ့သူ ဖြစ်သလို အနောက်တိုင်း ကာလပေါ်နဲ့ ရော့ခ်ဂီတတွေကိုလည်း ကျွမ်း၀င်တဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန် ကာလတွေကစပြီး ဂျပန့်ဂီတလောကအပေါ် အကြီးအကျယ် လွှမ်းမိုးခဲ့ပါတယ်။ Ohtaki ဟာ လွန်ခဲ့တဲ့ ၆ နှစ်က ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ကို လူတွေ အတော်များများ သဘောကျ နေတုန်းပါပဲ။ သံလိုက်လို ဆွဲဆောင်အားကောင်းတဲ့ သူ့ရဲ့ ကိုယ်ရည် ကိုယ်သွေးတွေကို အနီးကပ် လေ့လာထားချက်တွေကို တင်ဆက် သွားပါမယ်။ 

*ဒီအစီအစဉ်သည် မူပိုင်ခွင့်နှင့် တခြားကန့်သတ်ချက်များ ရှိသည့်အတွက် on demand ဖြင့် နားဆင်၍ မရနိုင်ပါ။