Easy Japanese Plus - "ဂျပန်မှာနေထိုင်ဖို့ ပထမခြေလှမ်း"
ဂျပန်မှာ နေတုန်း နေ့စဉ်သုံးရမယ့် ဂျပန်စကားတွေကို မိတ်ဆက်ပေးမှာပါ။ ဂျပန်နိုင်ငံကိုရောက်ခါစမှာ တွေ့ကြုံရတဲ့ ပြဿနာတွေများတယ်မလား? ဂျပန့်လူဘောင်အဖွဲ့အစည်းထဲက စည်းမျဉ်းစည်းကမ်း တွေကလည်း နားလည်ဖို့ခက်ခဲပါတယ်။ ဒီနေ့မှာတော့ အစီအစဉ်ရဲ့ Season 1− “ဂျပန်မှာနေထိုင်ဖို့ ပထမခြေလှမ်း” ကဏ္ဍထဲမှာပါတဲ့ “နာမည်ကို ဘယ်လိုခေါ်ရမလဲ” “ဘယ်အချိန်သွားရမလဲ” “ဒီမှာဖိနပ်စီးလို့ရပါလား” “ဘယ်နေရာဆိုရင် အဆင်ပြေပါလဲ” စတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့အတူ ဂျပန်လူမျိုးတွေရဲ့ နာမည်အခေါ်အဝေါ် ၊ သူတို့ရဲ့ နေထိုင်ပုံ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေကို ပွင့်တို့နဲ့ အတူတူ လေ့လာကြည့်လိုက်ကြရအောင်။
အစီအစဉ်တင်ဆက်သူ ပွင့် ၊ မင်းခန့်