Learn Japanese from the News - "သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား"
"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့ “နိုင်ငံခြားသားတွေ စမတ်ဖုန်းကနေတစ်ဆင့် ဘဏ်အပ်ငွေစာရင်း အလွယ်တကူ ဖွင့်နိုင်မယ့် ဝန်ဆောင်မှု” ဆိုတဲ့သတင်းနဲ့ “နိုင်ငံအဆင့် အိမ်မွေးတိရစ္ဆာန်ကု သူနာပြုလက်မှတ်ဆိုင်ရာ စာမေးပွဲ ကျင်းပ”ဆိုတဲ့ သတင်းတွေထဲမှာပါတဲ့ အဓိက ဂျပန်စကားလုံးတွေနဲ့ အဲဒီစကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။ ဒီအစီအစဉ်အပြီးမှာတော့ အခုနှစ် ဧပြီလက စတင် တင်ဆက်တဲ့ “သတင်းတွေထဲက ဂျပန်စာ ပဟေဋ္ဌိ” ဆိုတဲ့အစီအစဉ်ကို ဆက်လက်နားဆင်ရပါမယ်။ ဂျပန်စာသင်နေကြတဲ့သူတွေအတွက် ဂျပန်သတင်းတွေထဲက ဂျပန်စကားလုံးတွေ၊ ဝါကျရေးသားပုံတွေကို အတူတူ လေ့လာမှတ်သားနိုင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။