Top
Easy Japanese Plus - "ဂျပန်မှာနေထိုင်ဖို့ ပထမခြေလှမ်း"
Easy Japanese Plus အစီအစဉ်သစ်ကို Meiji Gakuin တက္ကသိုလ်က ပါမောက္ခ Nishi Kaori ရဲ့ ကြီးကြပ်မှုနဲ့အတူ စနေနေ့တိုင်း တင်ဆက်နေပါတယ်။ ဒီအစီအစဉ်မှာ ဂျပန်မှာနေတုန်း နေ့စဉ်သုံးရမယ့် ဂျပန်စကားတွေကို မိတ်ဆက်ပေးမှာပါ။ ဂျပန်နိုင်ငံကိုရောက်ခါစမှာ တွေ့ကြုံရတဲ့ ပြဿနာတွေများတယ်မလား? ဂျပန့်လူဘောင်အဖွဲ့အစည်းထဲက စည်းမျဉ်းစည်းကမ်း တွေကလည်း နားလည်ဖို့ခက်ခဲပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာလည်း ပွင့်တို့နဲ့ အတူတူ လေ့လာကြည့်လိုက်ကြရအောင်။ ဒီနေ့မှာတော့ အစီအစဉ်ရဲ့ Season 1 ထဲက − “ဂျပန်မှာနေထိုင်ဖို့ ပထမခြေလှမ်း” ကဏ္ဍထဲမှာပါတဲ့ “အသား ပါပါသလား” “ဘယ်လိုစား ရပါမလဲ”စတဲ့ စကားလုံးအသုံးအနှုန်းတွေကို လေ့လာမှတ်သားကြပါမယ်။ အစားအစာယဉ်ကျေးမှု က တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူတာမို့ ဗဟုသုတတွေရအောင် လေ့လာရင်းနဲ့ ဂျပန်စကားပြော တိုးတက်လာအောင် အတူလေ့ကျင့်ကြပါစို့။
အစီအစဉ်တင်ဆက်သူ ပွင့် ၊ မင်းခန့်