Easy Japanese Plus - "ဂျပန်မှာနေထိုင်ဖို့ ပထမခြေလှမ်း"
Easy Japanese Plus အစီအစဉ်သစ်ကို Meiji Gakuin တက္ကသိုလ်က ပါမောက္ခ Nishi Kaori ရဲ့ ကြီးကြပ်မှုနဲ့အတူ စနေနေ့တိုင်း တင်ဆက်နေပါတယ်။ ဂျပန့်လူ့ဘောင်အဖွဲ့အစည်းထဲက စည်းမျဉ်းစည်းကမ်း တွေကလည်း နားလည်ဖို့ခက်ခဲပါတယ်။ ဂျပန်မှာ နေထိုင်တဲ့အခါ ပိုပြီးအဆင်ပြေလာစေဖို့ ဒီအစီအစဉ်ကနေ ဂျပန်မှာနေတုန်း နေ့စဉ်သုံးရမယ့် ဂျပန်စကားတွေကို မိတ်ဆက်ပေးမှာပါ။ ဒီတစ်ပတ်မှာလည်း ပွင့်တို့နဲ့ အတူတူ လေ့လာကြည့်လိုက်ကြရအောင်။ ဒီနေ့မှာတော့ အစီအစဉ်ရဲ့ Season 1− “ဂျပန်မှာနေထိုင်ဖို့ ပထမခြေလှမ်း” ကဏ္ဍထဲမှာပါတဲ့ “လက်မှတ်ဘယ်မှာဝယ်လို့ရပါလဲ” “ပိုက်ဆံက ကြိုပေးရမှာပါလား” စတဲ့ ရထား၊ ဘတ်စကား စီးတဲ့အခါ မရှိမဖြစ် လိုအပ်တဲ့ စကားလုံးအသုံးအနှုန်းတွေကို လေ့လာမှတ်သားကြပါမယ်။
(၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
အစီအစဉ်တင်ဆက်သူ ပွင့် ၊ မင်းခန့်