"Radio TOMO" လာကုဂိုး ဇာတ်ပြော နှင့် ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်
ဒီတစ်ပတ်မှာတော့ သောတရှင်တို့စောင့်မျှော်နေတဲ့ ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ လာကုဂိုးဇာတ်လမ်း နဲ့အတူ “ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်” ကဏ္ဍကို တင်ဆက်မှာ ဖြစ်ပါမယ်။ လာကုဂိုးဇာတ်လမ်းနာမည်ကတော့ “မျက်စိတစ်လုံး နိုင်ငံတော်” လို့ အမည်ပေးထားပါတယ်။ အဲဒီနောက် NHK WORLD-JAPAN က ကိုငယ်နဲ့ ကေသွယ်တို့တင်ဆက်မယ့် “ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်” ကဏ္ဍမှာတော့ “ပင့်ကူမျှင်”ဆိုတဲ့ ပုံပြင်လေးကို နားဆင်ကြရပါမယ်။ ပုံပြင်လေးကို နားထောင်ရင်းနဲ့ အဲဒီထဲက အိုနိုမာတိုပဲ စကားလုံးတွေကိုလည်း လေ့လာမှတ်သားနိုင်မှာမို့ စောင့်မျှော်နားဆင်ကြပါနော်။
အစီအစဉ်တင်ဆက်သူ ကိုငယ်
အစီအစဉ် တင်ဆက်သူ ကေသွယ်