Learn Japanese from the News - " သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား "
"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့ “ဆန်ပြတိုက် အဆောက်အဦ တိုကျိုဘူတာအနီးမှာ ဖွင့်လှစ်”ဆိုတဲ့သတင်းနဲ့ “ပြောလိုက်တဲ့ စကားကို စာလုံးတွေအဖြစ် ပြောင်းပေးတဲ့ နည်းပညာကို Deaflympics ပြိုင်ပွဲတွေအတွက် လက်တွေ့စမ်းသပ်”ဆိုတဲ့ သတင်းတွေထဲမှာပါတဲ့ အဓိက ဂျပန်စကားလုံးတွေနဲ့ အဲဒီစကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။ ဒီအစီအစဉ်အပြီးမှာတော့ အခုနှစ် ဧပြီလက စပြီးတင်ဆက်တဲ့ “သတင်းတွေထဲက ဂျပန်စာ ပဟေဠိ” ဆိုတဲ့အစီအစဉ်ကို ဆက်လက်နားဆင်ရပါမယ်။ ဂျပန်စာသင်နေကြတဲ့သူတွေအတွက် ဂျပန်သတင်းတွေထဲက ဂျပန်စကားလုံးတွေ၊ ဝါကျရေးသားပုံတွေကို အတူတူ လေ့လာမှတ်သားနိုင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။