Easy Japanese Plus - “ဂျပန်မှာနေထိုင်ဖို့ ပထမခြေလှမ်း”
ဒီဧပြီလကစပြီး Easy Japanese Plus အစီအစဉ်သစ်ကို Meiji Gakuin တက္ကသိုလ်က ပါမောက္ခ Nishi Kaori ရဲ့ ကြီးကြပ်မှုနဲ့အတူ စနေနေ့တိုင်း တင်ဆက်ပါမယ်။ ဒီအစီအစဉ်မှာ ဂျပန်မှာ နေတုန်း နေ့စဉ်သုံးရမယ့် ဂျပန်စကားတွေကို မိတ်ဆက်ပေးမှာပါ။ ဂျပန်နိုင်ငံကိုရောက်ခါစမှာ တွေ့ကြုံရတဲ့ ပြဿနာတွေများတယ်မလား? ဂျပန့်လူ့ဘောင်အဖွဲ့အစည်းထဲက စည်းမျဉ်းစည်းကမ်း တွေကလည်း နားလည်ဖို့ခက်ခဲပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ပွင့်တို့နဲ့ အတူတူ လေ့လာကြည့်လိုက်ကြရအောင်။ ဒီနေ့မှာတော့ အစီအစဉ်ရဲ့ Season 1− “ဂျပန်မှာနေထိုင်ဖို့ ပထမခြေလှမ်း” ကဏ္ဍထဲမှာပါတဲ့ “ဘယ်လိုဖြစ်တာလဲ” “ကလေး မရှိတော့ဘူး” “ကျေးဇူးပြုပြီး အရေးပေါ်လူနာတင်ကား ခေါ်ပေးပါ” စတဲ့ စကားလုံးအသုံးအနှုန်းတွေကို ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘယ်လိုအသုံးချနိုင်မလဲ ဆိုတာကို လေ့လာမှတ်သားကြပါမယ်။ (၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)