ဂျပန်စာပေမွေ့ပျော်ချိန်အစီအစဉ် - “ကျွန်တော်၊ ကျွန်တော် လိမ်လည်မှုနဲ့ နို့ကြက်ဥပေါင်မုန့်ကြော်” အပိုင်း(၂)
ဒီတစ်ပတ် ဂျပန်စာပေမွေ့ပျော်ချိန်အစီအစဉ်မှာ “ကျွန်တော်၊ ကျွန်တော် လိမ်လည်မှုနဲ့ နို့ကြက်ဥပေါင်မုန့်ကြော်” အပိုင်း(၂) ကို နားဆင်ရမှာ ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ လူငယ်လေး Shota က ဟန်ဆောင်လိမ်တောင်းထားတဲ့ ငွေကိုယူဖို့ အသွား “အမေ” လို့ ဆိုသူ အမျိုးသမီးကြီးက သူ့ကို ငယ်ငယ်ကတည်းက ကွဲကွာသွားတဲ့ သားအမှတ်နဲ့ ကျွေးမွေးပြုစုခဲ့ပါတယ်။ မိခင်မေတ္တာငတ်နေတဲ့ Shota ဟာ ဒီ “အမေ” ရဲ့ ကြင်နာယုယမှုတွေကြောင့် ငွေတွေ ရယူပြီးနောက်မှာ ထွက်ပြေးတိမ်းရှောင်သွားတာမျိုး မလုပ်တော့ဘဲ အလုပ်ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နှစ်ဦး ညစာတွေ အတူစား၊ ရုပ်မြင်သံကြား ကြည့်၊ ရယ်မောစရာ စကားတွေပြောပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေ့ရက်တွေကို ဖြတ်သန်းလာခဲ့ကြပါတယ်။ Shota က ခြိုးခြံချွေတာပြီး သူယူထားတဲ့ ပိုက်ဆံကိုလည်း အမေ့ကို ဖြည်းဖြည်းချင်း ပြန်ဆပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို သားအဖြစ် ဟန်ဆောင်နေတဲ့ဘဝ အဆုံးသတ်ရတော့မယ့် အဖြစ်အပျက်တစ်ခုဟာ ရုတ်တရက် ပေါ်ပေါက်လာပါတော့တယ်။ ဒီဇာတ်လမ်းလေးကို NHK WORLD-JAPAN က ကိုငယ်နဲ့ ပွင့်တို့က တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီနေ့မှာ ဇာတ်လမ်း ဒုတိယပိုင်းကို နားဆင်ပါ။
Shota က ပိုက်ဆံသွားယူတဲ့အခါ ဖုန်းထဲက "အမေ" လို့ဆိုသူ အမျိုးသမီးကြီးက သူ့ကို ငယ်ငယ်ကတည်းက ကွဲကွာသွားခဲ့တဲ့ သားအရင်းလို့ ထင်ပြီး ကြင်နာနွေးထွေးမှုတွေနဲ့ ဆက်ဆံခဲ့ပါတယ်။
အဲဒီလို "မိခင်မေတ္တာတွေ" ကို ခံစားလိုက်ရတဲ့ Shota ဟာ အဲဒီ”အမေ” ရှိရာ တိုက်ခန်းကို နေ့တိုင်း သွားခဲ့ပြီး သူတို့နှစ်ဦး ညစာ အတူစား၊ ရုပ်မြင်သံကြား ကြည့်၊ ရယ်မောစရာ စကားတွေပြောပြီး နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလာခဲ့ကြပါတယ်။