Learn Japanese from the News "သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား"
"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့"ချစ်သူများနေ့မှာ ဆိုင်တွေမှာ ချောကလက်ရဲ့ ဈေးနှုန်း မမြှင့်တင်ဖို့ နည်းလမ်း စဉ်းစား"ဆိုတဲ့သတင်းနဲ့ "တမြန်နှစ်က အနားယူလိုက်တဲ့ Yokozuna အဆင့် ဆူမိုနပန်းသမား Hakuho ရဲ့ ဆံပင်ညှပ်အခမ်းအနား ကျင်းပ"ဆိုတဲ့ သတင်းတွေကို လေ့လာကြပါမယ်။ ဒီသတင်းတွေထဲမှာပါတဲ့ အဓိက ဂျပန်စကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။ ဒီအစီအစဉ်အပြီးမှာတော့ အခုနှစ် ဧပြီလက စတင် တင်ဆက်မယ့် "သတင်းတွေထဲက ဂျပန်စာ ပဟေဋ္ဌိ" ဆိုတဲ့အစီအစဉ်သစ်ကို နားဆင်ရပါမယ်။ ဂျပန်စာသင်နေကြတဲ့သူတွေအတွက် ဂျပန်သတင်းတွေထဲက ဂျပန်စကားလုံးတွေ၊ ဝါကျရေးသားပုံတွေကို အတူတူ လေ့လာမှတ်သားနိုင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။