ဒီတစ်ပတ်မှာတော့ သောတရှင်တို့စောင့်မျှော်နေတဲ့ ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ လာကုဂိုးဇာတ်လမ်း နဲ့အတူ “ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်” ကဏ္ဍကို တင်ဆက်မှာ ဖြစ်ပါမယ်။ လာကုဂိုးဇာတ်လမ်းနာမည်ကတော့ “牛の丸薬 Ushi no Ganyaku” လို့ အမည်ပေးထားပါတယ်။ အဲဒီနောက် NHK WORLD-JAPAN က ကိုငယ်နဲ့ ကေသွယ်တို့တင်ဆက်မယ့် “ကလေးတို့ နားဆင်စရာ ဂျပန်ရိုးရာပုံပြင်” ကဏ္ဍမှာတော့ လကို ဇာတ်လမ်းကျောရိုး အနေနဲ့ ထားထားတဲ့ “ခါဂူယ မင်းသမီးလေး”ဆိုတဲ့ ပုံပြင်ကို နားဆင်ခံစားရပါမယ်။ ပုံပြင်လေးကို နားထောင်ရင်းနဲ့ ပုံပြင်ထဲက အိုနိုမာတိုပဲ စကားလုံးတွေကိုလည်း လိုက်ပါမှတ်သားနိုင်မှာမို့ စောင့်မျှော်နားဆင်ကြပါနော်။