မြို့ငယ်လေးတစ်မြို့မှာနေထိုင်တဲ့ အလယ်တန်းကျောင်းသူလေးတစ်ဦးဟာ တစ်ယောက်တည်း အိမ်ခွဲနေထိုင်တဲ့ အစ်မဖြစ်သူရဲ့ တိုက်ခန်းကို အလည်သွားခဲ့ပါတယ်။ အစ်မကို သူက ဗီဒီယိုအငှားဆိုင်ကို ခေါ်သွားခိုင်းခဲ့ပြီး သူမစွဲလန်းနေတဲ့ သရုပ်ဆောင်ပါဝင်တဲ့ ဗီဒီယိုကို ငှားလာခဲ့ပါတယ်။ အဲဒီ သရုပ်ဆောင်ရဲ့အသံကို ဒီဗီဒီယိုမှာ ပထမဆုံး စကြားခဲ့ရပါပြီ။ အဲဒီနောက် “သူ” နေတဲ့ ကမ္ဘာကို မျှော်လင့်အားကျမှုက ပိုပိုပြီး ကြီးမားလာခဲ့ပါတယ်။ သူ့နိုင်ငံက ဝတ္ထုတွေကိုချည်းဖတ်ပြီး ကိုယ်မသိနိုင်တဲ့ ကမ္ဘာလောကအကြောင်း အမြဲတွေးနေမိခဲ့တယ်။ ကျောင်းမှာ သူများတွေက ကိုယ့်ကို ဘယ်လိုထင်မလဲဆိုတာ တွေးကြောက်တာမို့ စကားနည်းပြီးအေးအေးဆေးဆေးနေတတ်တဲ့ ဒီကောင်မလေးဟာ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ “ အသက်ပြင်းပြင်း ရှူသွင်းပါ” လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းလေးကို NHK WORLD-JAPAN က ကိုငယ်နဲ့ ကေသွယ်တို့က တင်ဆက်မှာပါ။ ဒီနေ့ ဇာတ်သိမ်းပိုင်းကို နားဆင်ကြည့်ရအောင်။