"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" Learn Japanese from the News
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့“ကုန်ပစ္စည်း ပို့ဆောင်ရာမှာ အလုပ်သမား မလုံလောက်၊ ပစ္စည်းဝယ်သူတွေဆီ ပစ္စည်းပို့ရက် နောက်ဆုတ်တဲ့ စနစ် စမ်းသပ်”ဆိုတဲ့သတင်းနဲ့ “ဂျပန်စာတိုက်ဟာ ၂၀၂၃ ခုနှစ်က စပြီး ဒရုန်းယာဉ်ကိုသုံးပြီး စာအိတ်နဲ့ ပစ္စည်းတွေကို ပို့မယ်”ဆိုတဲ့ သတင်းတွေကို လေ့လာကြပါမယ်။ ဒီသတင်းတွေထဲမှာပါတဲ့ အဓိက ဂျပန်စကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။ ဒီအစီအစဉ်ကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။