Learn Japanese from the News " သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား "
"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့“capsule အရုပ်ကို လူကြိုက်များ၊ ကုမ္ပဏီက စက်အသစ်ကို တီထွင်” ဆိုတဲ့သတင်းနဲ့ “Kagawa ခရိုင်မှာ နတ်ကွန်းတွေကို လှည့်ပတ်ဝတ်ပြုခရီး မှာ နိုင်ငံခြားသားတွေ ပါဝင်အတွေ့အကြုံယူ” ဆိုတဲ့ သတင်းတွေကို လေ့လာကြပါမယ်။ ဒီသတင်းတွေထဲမှာပါတဲ့ အဓိက ဂျပန်စကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။ ဒီအစီအစဉ်ကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။