ဂျပန်စာပေမွေ့ပျော်ချိန်− “အိမ်ထောင်ဖက်ရှာရေး လက်ရွေးစင်အသင်း” - ဒုတိယပိုင်း
ဂျပန်စာပေမွေ့ပျော်ချိန်အစီအစဉ်မှာ “အိမ်ထောင်ဖက်ရှာရေး လက်ရွေးစင်အသင်း” ဆိုတဲ့ ဝတ္ထု ဇာတ်လမ်း ကို NHK WORLD- JAPAN က ပွင့်၊ ကေသွယ်နဲ့ ကိုငယ်တို့က သရုပ်ဖေါ် တင်ဆက်ပေးပါမယ်။ ဇာတ်လမ်းအကျဉ်းကတော့ Fumiko ဟာ ငယ်သူငယ်ချင်း Ichiko၊ Saaya နဲ့ Eimi တို့နဲ့အတူ အိမ်ထောင်ဖက်ရှာတာမှာ တောက်လျောက် မအောင်မမြင် ဖြစ်နေခဲ့ပါတယ်။ ဒါနဲ့ပဲ သူတို့ဟာ အသင်းဖွဲ့ပြီး အိမ်ထောင်ဖက် ရှာဖို့ လုပ်ကြပါတယ်။ ဗျူဟာကတော့ သူတို့ရဲ့ကျွမ်းကျင်တဲ့ စွမ်းရည်အသီးသီးကို Eimi ရဲ့ အလှတရားနဲ့ပေါင်းစပ်ပြီး အိမ်ထောင်ဖက် ရှာဖွေဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ အချိတ်အဆက်မိမိ စွမ်းဆောင်မှုတွေကြောင့် ပထမဦးဆုံး အောင်သွယ်မှု အောင်မြင်တော့မယ်လို့ ထင်ခဲ့ရပေမဲ့ မထင်မှတ်ထားတဲ့ ရလဒ်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းကို ရေးသားသူကတော့ ၁၉၇၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Hiiragi Sanaka ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ စာရေးဆရာအဖြစ် ပွဲဦးထွက်ပြီးကတည်းက သူဟာ အမျိုးသမီးဇာတ်ကောင်တွေ ပါဝင်ပြီး တစ်နေရာရာမှာ နွေးထွေးမှုကို ခံစားနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းလက်ရာအများအပြားကို ရေးသားထုတ်ဝေနေပါတယ်။ ချစ်စရာကောင်းတဲ့ ဒီဇာတ်လမ်းတိုလေးမှာတော့ အမျိုးသမီးတွေရဲ့ ဘဝမှာ ရင်ဆိုင်ကြုံတွေ့ပြီး ရုန်းကန်ဖြတ်သန်းရတဲ့ ခင်မင်ရင်နှီးမှု၊ အိမ်ထောင်ရေး နဲ့ အချစ် စတဲ့ ကဏ္ဍတွေကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရေးသားထားတာကို တွေ့ရပါတယ်။ ဇာတ်လမ်းလေးကို နားဆင်ကြည့်လိုက်ကြရအောင်။