"Radio TOMO" လာကုဂိုး ဇာတ်ပြော နှင့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း (၃၂)
ဒီတစ်ပတ်မှာတော့ သောတရှင်တို့စောင့်မျှော်နေတဲ့ ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ လာကုဂိုးဇာတ်လမ်း ကို နားဆင်ရပါမယ်။ ဇာတ်လမ်းနာမည်ကတော့ “Jugemu“ လို့ အမည်ရပါတယ်။ အဲဒီနောက်မှာတော့ NHK WORLD-JAPAN က ကိုငယ်နဲ့ ပွင့်တို့တင်ဆက်မယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း အပိုင်း (၃၂) ကို နားဆင်ရပါမယ်။ ဒီအစီအစဉ်မှာ အသက် ၄ နှစ်အထိ ကလေးငယ်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာပါ။ အဲဒီ အသက်အရွယ် ကလေးငယ်တွေအပေါ် ကာကွယ်ဆေးရဲ့ ထိရောက်မှု၊ ဘေးထွက်ဆိုးကျိုးတွေအကြောင်းနဲ့အတူ ကာကွယ်ဆေးဟာ ခန္ဓာကိုယ်ထဲက မျိုးပွားတဲ့အစိတ်အပိုင်းတွေအပေါ် သက်ရောက်မှုရှိသလား။ တခြားကာကွယ်ဆေးတွေနဲ့ အတူရောထိုးလို့ ရသလား ဆိုတဲ့ အသေးစိတ် အကြောင်းအရာတွေကို အတူတူ လေ့လာကြည့်ကြရအောင်။
အစီအစဉ်တင်ဆက်သူ ကိုငယ်
အစီအစဉ် တင်ဆက်သူ ပွင့်