Learn Japanese from the News " သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား "
"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့“ရှုခင်းလှည့်ပတ်ကြည့်ရှုချင်ကြတဲ့ နိုင်ငံတွေထဲမှာ ဂျပန်က နံပါတ် ၁ နေရာမှာ ရှိ”ဆိုတဲ့သတင်းနဲ့ “နိုင်ငံခြားသားကျောင်းသား အရေအတွက်ကို ကိုရိုနာကပ်ရောဂါမတိုင်မီက အရေအတွက်နီးပါး ရောက်အောင် လုပ်ဆောင်လိုတယ်”
ဆိုတဲ့ သတင်းတွေကို လေ့လာကြပါမယ်။ ဒီသတင်းတွေထဲမှာပါတဲ့ သယ်ယူပို့ဆောင်ရေး၊ ဘေးကင်းလုံခြုံမှု၊ ရာခိုင်နှုန်း၊ အတွေ့အကြုံ စတဲ့ အဓိက ဂျပန်စကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။ ဒီအစီအစဉ်ကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။