"Radio TOMO" လာကုဂိုး ဇာတ်ပြော နှင့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း (၃၁)
ဒီတစ်ပတ်မှာတော့ သောတရှင်တို့စောင့်မျှော်နေတဲ့ ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ လာကုဂိုးဇာတ်လမ်း ကို နားဆင်ရပါမယ်။ ဇာတ်လမ်းနာမည်ကတော့ “ကယ်တင်ရှင်” လို့ အမည်ရပါတယ်။ အဲဒီနောက်မှာတော့ NHK WORLD-JAPAN က ကိုငယ်နဲ့ ပွင့်တို့တင်ဆက်မယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း အပိုင်း (၃၁) ကို နားဆင်ရပါမယ်။ အခုဆောင်းရာသီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ်တုပ်ကွေးကူးစက်မှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနိုင်ခြေရှိတယ်ဆိုပြီး ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေ စိုးရိမ်နေကြပါတယ်။ အဲဒီလို ကူးစက်မှုတွေ ဘယ်လိုအနေအထားနဲ့ ဖြစ်မယ်လို့ ခန့်မှန်းထားလဲဆိုတာအပြင် ဘယ်လို တုံ့ပြန်ဆောင်ရွက် ကြမလဲ၊ အစိုးရရဲ့ စီမံဆောင်ရွက်ချက်တွေကရော ဘယ်လိုရှိသလဲ ဆိုတာတွေကို ဒီအစီအစဉ်မှာ လေ့လာကြရအောင်။
အစီအစဉ်တင်ဆက်သူ ကိုငယ်
အစီအစဉ် တင်ဆက်သူ ပွင့်