"Radio TOMO" လာကုဂိုး ဇာတ်ပြော နှင့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း (၃၀)
ဒီတစ်ပတ်မှာတော့ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ လာကုဂိုး ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ “Oyauri” ဆိုတဲ့ ဇာတ်လမ်း ပြန်လည်နားဆင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း အပိုင်း (၃၀)ကို NHK WORLD- JAPAN က ပွင့်နဲ့ ကေသွယ်တို့က တင်ဆက်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ မျိုးဗီဇပြောင်း Omicron ရဲ့မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်တွေကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးအမျိုးအစား ၂ မျိုးကို အောက်တိုဘာလက စပြီးထိုးပေးခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးမယ်ဆိုရင် ဘယ်အမျိုးအစားကို ထိုးသင့်သလဲ။ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှု အစွမ်းက ဘယ်လိုရှိသလဲ။ အဲဒီ ကာကွယ်ဆေး အမျိုးအစား ၂မျိုးကို ဂျပန်မှာ ဘယ်လို ထိုးနှံနိုင်မလဲ။ အရင်ကာကွယ်ဆေးတွေနဲ့ အချိန်ဘယ်လောက်ခြားပြီး ထိုးနှံမှု ခံယူနိုင်မလဲ စတာကို ဒီအစီအစဉ်မှာ နားဆင်ရပါမယ်။
အစီအစဉ် တင်ဆက်သူ ပွင့်
အစီအစဉ်တင်ဆက်သူ ကေသွယ်