"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့“အားကစားရုံမှာ ရုတ်တရက် မေ့လဲသွားတဲ့ မိန်းကလေးကို AED စက် အသုံးပြုပြီး ကယ်တင်” ဆိုတဲ့သတင်းနဲ့ “မြို့ပြအားကစားဆိုင်ရာ ဂျပန့်အထက်တန်းကျောင်း ကျောင်းချိန်ပြင်ပလှုပ်ရှားမှုအဖွဲ့တွေ ပထမဆုံးအကြိမ် ဖွဲ့စည်း”ဆိုတဲ့ သတင်းတွေကို လေ့လာကြပါမယ်။ ဒီသတင်းတွေထဲမှာပါတဲ့ အားကစားရုံ၊ နှလုံး၊ မြို့ပြအားကစား၊ ကျောင်းချိန်ပြင်ပလှုပ်ရှားမှုအဖွဲ့ စတဲ့ အဓိက ဂျပန်စကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။ ဒီအစီအစဉ်ကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။