ဂျပန်စာပေမွေ့ပျော်ချိန်− "နဂါးငွေ့တန်း ကော်ဖီဆိုင်က ည"
ဇာတ်ကောင်မိန်းကလေးဟာ ကျောင်းပိတ်ရက်ရဲ့ အိုဘွန်းရိုးရာကန်တော့ပွဲအချိန်တွေမှာ သူ့အဘိုးအိမ်ကို နှစ်တိုင်း အလည်လာလေ့ရှိပါတယ်။ တစ်ညနေမှာတော့ အဖိုးက သူသွားချင်လှတဲ့ ကော်ဖီဆိုင်ကို ခေါ်သွားပါတယ်။ မိန်းကလေးဟာ သူသဘောအကျဆုံး ဝတ်စုံကို ဝတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာကို ရောက်သွားခဲ့ပါတယ်။ အဲဒီဆိုင်ရဲ့ နံရံတွေမှာ ချိတ်ထားတာက စကြာဝဠာ ဓာတ်ပုံတွေပါ။ နောက်ပြီး ဝက်ဝံကလေးတွေ၊ ငန်းဖြူတွေလိုမျိုး တိရစ္ဆာန်အရုပ်လေးတွေနဲ့လည်း အလှဆင်ထားပါသေးတယ်။ ကျီးတာရာ ကြယ်တံခွန်စု ကလာတယ်ဆိုတဲ့ ကော်ဖီကို နဂါးငွေ့တန်းက ခပ်လာတယ်ဆိုတဲ့ နို့နဲ့ ဖျော်ထားတဲ့ ကော်ဖီအေး ကို သောက်လိုက်တဲ့အခါ သူအရွယ်ရောက်လာပြီလို့ မိန်းကလေးက ခံစားလိုက်မိပါတယ်။ နောက်တစ်ခဏမှာတော့ ကော်ဖီဆိုင်ရဲ့ ပြတင်းပေါက်အပြင်ဘက်မှာ ကွယ်လွန်သူတွေရဲ့ ဝိညာဉ်ကို ပြန်ပို့ဖို့ ဂျပန်စက္ကူနဲ့လုပ်ထားတဲ့ မီးပုံးလေးတွေ မြစ်ထဲမှာမျှောတဲ့ Toro Nagashi မီးပုံးမျှောပွဲကို သူ တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ဆိုင်ထဲက စားသုံးသူတွေ တစ်ယောက်ပြီး တစ်ယောက် ထပြန်သွားကြပါတယ်။ ဝမ်းနည်းစရာ ဒီဇာတ်လမ်းက ဘယ်လို ဆက်ဖြစ်မလဲ။ နားဆင်ကြည့်ရအောင်။
အဖိုးက သူအကြိုက်ဆုံး ကော်ဖီဆိုင်ကို မြေးမလေးကို ခေါ်သွားပါတယ်။
ဆိုင်အပြင်ဘက်မှာ Toro Nagashi မီးပုံးမျှောပွဲကို တွေ့လိုက်ရပြီး ကွယ်လွန်သူတွေရဲ့ ဝိညာဉ်ကို ပြန်ပို့တဲ့ မီးပုံးလေးတွေ မြစ်ထဲမှာ မျှောနေပါတယ်။