ဂျပန်မှာ ရှေးကတည်းက လက်ဆင့်ကမ်းပြောလာကြတဲ့ ရိုးရာ ဒဏ္ဍာရီ ပုံပြင်တွေမှာ ရှေးခေတ်က လူတွေရဲ့ ရိုးရှင်းတဲ့ နေထိုင်မှုနဲ့ ဓလေ့စရိုက်တွေ သဘာဝပတ်ဝန်းကျင်နဲ့ တောရွာဒေသ မြင်ကွင်းတွေကို သိနိုင်ပါတယ်။ ဒါ့အပြင် ပုံပြင်တွေကတစ်ဆင့် ဂျပန်ဘာသာစကား အများအပြားကို လေ့လာနိုင်ပါတယ်။ ဂျပန်ဘာသာကို လမ်းညွှန်ပေးမှာကတော့ လွယ်ကူသော ဂျပန်စကား အစီအစဉ်မှာလည်း ဦးဆောင်သင်ကြားပေးနေတဲ့ ဆရာမ Tokunaga Akane ပါ။ ပြီးတော့ အားလုံးနဲ့ အတူ လေ့လာမှာကတော့ သရုပ်ဆောင် မိုရိစာကီဝင်း ဖြစ်ပါတယ်။