"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့ “ဂျပန်မှာ ‘ပုံမှန်မဟုတ်တဲ့ မိုး’ ရွာသွန်းမှု များပြားလာနေ၊ အကြောင်းရင်းက အပူချိန် မြင့်တက်လာကြောင့်ဖြစ်” ဆိုတဲ့သတင်းနဲ့ “အိုကီနာဝါကို ဂျပန်ဆီ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာ နှစ် ၅၀ ပြည့် သမိုင်းကြောင်းတွေ သိနိုင်မယ့် စာရွက်စာတမ်း ပြပွဲ” ဆိုတဲ့ သတင်းတွေကို လေ့လာကြပါမယ်။ ဒီသတင်းတွေထဲမှာပါတဲ့ အဓိက ဂျပန်စကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။ ဒီအစီအစဉ်ကို NHK WORLD-JAPAN က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။