"Radio TOMO" လာကုဂိုး ဇာတ်ပြော နှင့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း (၂၇)
ဒီတစ်ပတ်မှာတော့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ လာကုဂိုး ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ “Mouhanbun” “အကျန်တစ်ဝက်“ ဆိုတဲ့ ဇာတ်လမ်း ပြန်လည်နားဆင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း အပိုင်း (၂၇) ကို NHK WORLD-JAPAN က ပွင့်နဲ့ ကေသွယ်တို့က ဆက်လက်တင်ဆက်မှာ ဖြစ်ပါတယ်။ COVID-19 ရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေဟာ ဒီပြင်ရောဂါလက္ခဏာတွေနဲ့လဲ ဆင်တူတတ်တာမို့ ဘယ်လို အခြေအနေမျိုးကို နောက်ဆက်တွဲ လက္ခဏာတွေလို့ သတ်မှတ်နိုင်မလဲ။ အဲဒီ ရောဂါလက္ခဏာတွေ ဘယ်လို ဖြစ်ပေါ်လာသလဲ။ ဘာကြောင့် ဖြစ်လာသလဲ။ ဖြစ်လာနိုင်တဲ့ အန္တရာယ်က ဘာတွေလဲ ဆိုတာတွေနဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေက ဘယ်လို လက္ခဏာတွေ ရှိသလဲ ဆိုတဲ့ အကြောင်းတွေကို နားဆင်ရပါမယ်။
အစီအစဉ်တင်ဆက်သူ ကေသွယ်
အစီအစဉ် တင်ဆက်သူ ပွင့်