Learn Japanese from the News " သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား "
"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့ “မူပိုင်ခွင့်မရှိဘဲ ဂျပန်ရုပ်ပြကာတွန်း မန်ဂါနဲ့ အာနီမဲတွေ တင်ထားတဲ့ အင်တာနက်စာမျက်နှာတွေကို ဖယ်ရှားဖို့အတွက် နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း” ဆိုတဲ့သတင်းနဲ့ “အပူလျှပ်ခြင်းဆိုင်ရာ သတိပေးနှိုးဆော်ချက်” ဆိုတဲ့ သတင်းတွေကို လေ့လာကြပါမယ်။ ဒီသတင်းတွေထဲမှာပါတဲ့ အဓိက ဂျပန်စကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။ ဒီအစီအစဉ်ကို NHK world Japan က ပွင့်နဲ့ ကိုမင်းခန့်တို့က တင်ဆက်ထားပါတယ်။