"Radio TOMO" လာကုဂိုး ဇာတ်ပြော နှင့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း (၂၆)
ဒီတစ်ပတ်မှာ “မီဆောပဲပြုတ်” လို့ အမည်ရတဲ့ ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ လာကုဂိုးဇာတ်လမ်း ကို နားဆင်ရပါမယ်။ အဲဒီနောက်မှာ NHK World Japan က ပွင့်နဲ့ကေသွယ် တို့ ဆွေးနွေးတင်ဆက်မယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း အပိုင်း (၂၆) ကို နားဆင်ရပါမယ်။ ဒီအစီအစဉ်မှာ ဘယ်လို အခြေအနေမျိုးမှာ ကိုဗစ်လူနာနဲ့ အနီးကပ်ထိတွေ့မိသူတွေအဖြစ် သတ်မှတ်ခံရသလဲ။ အနီးကပ်ထိတွေ့မိသူအဖြစ် သတ်မှတ်ခံရပြီဆိုရင် ဘာတွေကို လုပ်ဆောင်ရမလဲ။ ဘယ်အချက်တွေကို ရှောင်ကြဉ်ရမလဲ။ ဘယ်လို ပြုမူနေထိုင်ရမလဲ ဆိုတာတွေကို နားဆင်ရပါမယ်။
အစီအစဉ်တင်ဆက်သူ ကိုငယ်
အစီအစဉ် တင်ဆက်သူ ကေသွယ် ၊ ပွင့်