"Radio TOMO" လာကုဂိုး ဇာတ်ပြော နှင့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း (၂၅)
ဒီတစ်ပတ်မှာတော့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ လာကုဂိုး ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ “Ryoteni hana” “ပျိုတိုင်းကြိုက်“ ဆိုတဲ့ ဇာတ်လမ်း ပြန်လည်နားဆင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း အပိုင်း (၂၅) ကို NHK World Japan က ပွင့်နဲ့ ကေသွယ်တို့က တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ များပြားနေတဲ့ အတောအတွင်း ပူပြင်းတဲ့ ရာသီမှာ Heatstroke အပူလျှပ်ဝေဒနာ မခံစားရအောင် အပူဒဏ်ကို ဘယ်လို ကာကွယ်ရမယ်။ ဘယ်လို စားသုံးရမယ်။ အပူလျှပ်ဝေဒနာ ဖြစ်လာရင် ဘယ်လို ပြုစုရမယ် စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
အစီအစဉ်တင်ဆက်သူ ပွင့်
အစီအစဉ် တင်ဆက်သူ ကေသွယ်