"Radio TOMO" လာကုဂိုး ဇာတ်ပြော နှင့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း (၂၄)
ဒီတစ်ပတ်မှာတော့ သောတရှင်တို့စောင့်မျှော်နေတဲ့ ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ လာကုဂိုးဇာတ်လမ်း ကို နားဆင်ရပါမယ်။ ဇာတ်လမ်းနာမည်ကိုတော့ “စေတနာရှင်သူခိုး” လို့ အမည်ပေးထားပါတယ်။ အဲဒီနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း အပိုင်း (၂၄) ကို တင်ဆက်ပါမယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နှာခေါင်းစည်း တပ်ဆင်တာဟာ အခု ပူအိုက်တဲ့ ရာသီမှာ ခန္ဓာကိုယ်က ပိုပူလာပြီး၊ အသက်ရှူကြပ်တာနဲ့ စိတ်လည်း မွန်းကြပ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ပူပြင်းတဲ့ ရာသီမှာ Heatstroke အပူလျှပ်ဝေဒနာ မခံစားရအောင် နှာခေါင်းစည်းကို ဘယ်လို တပ်ဆင်ကြမလဲ။ ထိထိရောက်ရောက် အသုံးချနိုင်မယ့် နည်းလမ်းတွေကို နားဆင်ရပါမယ်။
အစီအစဉ်တင်ဆက်သူ ပွင့်
အစီအစဉ် တင်ဆက်သူ ကိုငယ်