Learn Japanese from the News " သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား "
"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ NEWS WEB EASY မှာ တင်ထားတဲ့ “သုံးပြီးသွားရင် ဆွေးမြည့်ပျက်စီးသွားနိုင်မယ့် ပလတ်စတစ်ကို တီထွင်” ဆိုတဲ့သတင်းနဲ့ “သတ်မှတ်ထားတဲ့ ငွေပမာဏကို လစဉ် ပေးချေပြီး ကားဟောင်းသုံးတဲ့ ဝန်ဆောင်မှု လူကြိုက်များ” ဆိုတဲ့ သတင်းတွေကို လေ့လာကြပါမယ်။ ဒီသတင်းတွေထဲမှာပါတဲ့ အဓိက ဂျပန်စကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။