Learn Japanese from the News "သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား"
"သတင်းတွေထဲကနေ သင်ယူမယ့် ဂျပန်စကား" အစီအစဉ်က လွယ်ကူတဲ့ ဂျပန်သတင်းတွေကတစ်ဆင့် ဂျပန်စကားတွေကို သင်ယူရင်း ဂျပန်နိုင်ငံအကြောင်းကို လေ့လာနိုင်မယ့် အစီအစဉ်သစ် ဖြစ်ပါတယ်။
ပထမဆုံး NEWS WEB EASY မှာ တင်ထားတဲ့ " ဂျပန်ပြည်သူတွေ ယန်းငွေ ၄၀ဘီလီယံကို သံရုံးကတစ်ဆင့် ယူကရိန်းကိုလှူ” ဆိုတဲ့သတင်းနဲ့ "ဧပြီလကစပြီး တိုကျိုမြို့ပြ အထက်တန်းကျောင်းတွေမှာ တင်းကျပ်လွန်းတဲ့ စည်းကမ်းတွေကို ဖယ်ရှားမယ်" ဆိုတဲ့ သတင်းတွေကို လေ့လာကြပါမယ်။ ဒီသတင်းတွေထဲမှာပါတဲ့ တိုက်ခိုက်တယ်၊ လှူဒါန်းတယ်၊ တင်းကျပ်တယ် နဲ့ ကျောင်းသူကျောင်းသား ဆိုတဲ့ အဓိက ဂျပန်စကားလုံးတွေကို သုံးပြီး ဝါကျဖွဲ့ ပြောဆိုပုံတွေကို သင်ယူလေ့လာကြရအောင်။