ဂျပန်စာပေမွေ့ပျော်ချိန် - “၅မိနစ်တာ ဘဝအရေး ဆွေးနွေးခန်း”
ဒီတစ်ကြိမ်မှာတော့ ဝတ္ထုတိုရေးသားရာမှာ ပိုင်နိုင်တဲ့ ဂျပန်စာရေးဆရာ Tachibana Tsubasa ရေးသားတဲ့ “၅မိနစ်တာ ဘဝအရေး ဆွေးနွေးခန်း” ဆိုတဲ့ ဝတ္ထုကို ကိုမင်းခန့်နဲ့ ကိုငယ်တို့က သရုပ်ဖေါ် တင်ဆက်ပေးပါမယ်။
ဒီဇာတ်လမ်းမှာ အဓိကဇာတ်ကောင်က ညသန်းခေါင်အချိန်မှာ အမျိုးသားတစ်ယောက် အမြဲလိုလို ဖုန်းဆက်လာတာကြောင့် စိတ်ညစ်နေတဲ့ တက္ကသိုလ် ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှုက အမြဲတမ်း ၅ မိနစ်တိတိ ကြာတတ်ပြီး အဲဒီတစ်ဖက်ကလူကြောင့် သူဟာ အမြဲ စိတ်ရှုပ်ထွေးနေရပါတယ်။ တစ်နေ့မှာ အဲဒီလူက “မကြာခင်မှာ မင်းဟာ ဘဝနဲ့ချီတဲ့ အရေးပါတဲ့ ရွေးချယ်မှုကို လုပ်ရလိမ့်မယ်။ အသင့်ပြင်ထားပါ” လို့ ပြောခဲ့တယ်။ ဒီတော့ အဓိကဇာတ်ကောင်ဟာ ဘယ်လို ဆုံးဖြတ်ချက်ကို ချခဲ့ပါသလဲ။
ပြီးတော့ ဖုန်းဆက်လာတဲ့သူဟာ ဘယ်သူများလဲ။
ဇာတ်လမ်းကို နားဆင်ခံစားကြည့်ကြရအောင်။