Radio TOMO လာကုဂိုး ဇာတ်ပြော နှင့် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း (၂၁)
ဒီတစ်ပတ်မှာတော့ သောတရှင်တို့စောင့်မျှော်နေကြတဲ့ လာကုဂိုး ဂျပန့်ရိုးရာ ဇာတ်ပြော အနုပညာ “Sangen Nagaya” “သုံးခန်းတွဲအိမ်တန်းလျား“ ကို ‌ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ အစီအစဉ်နောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း အပိုင်း (၂၁)ကနေ ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေ ဆက်လက်ထားရှိသလား ဆိုတာနဲ့ ပတ်သက်ပြီး နားဆင်ရမှာ ဖြစ်ပါတယ်။
အစီအစဉ် တင်ဆက်သူ ကိုငယ်
အစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ ကောင်းစု (ဝဲ) နဲ့ ပွင့် (ယာ)