ဂျပန်စာပေမွေ့ပျော်ချိန် - "နေမင်း" ( ပထမပိုင်း )
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အရေးပေါ် အခြေအနေ ကြေညာလိုက်တဲ့ ည Kahara ဟာ ရုတ်တရက် သွားအရမ်းကိုက်လာပါတယ်။ သွားဆရာဝန် ဆီမှာ သွားပြဖို့ တိုကင် ယူတာလည်း မရဖြစ်နေတုန်း သွားဆေးခန်း တစ်ခုကို ရောက်သွားပါတယ်။ ဆေးခန်းရဲ့ အင်တာနက် စာမျက်နှာလည်း မရှိ၊ ဆေးခန်းကောင်းမကောင်း အင်တာနက်ပေါ်မှာ လူနာတွေရေးတဲ့ သတင်းအချက်အလက်လည်း မရှိ၊ ဆေးခန်းမှာ တခြားလူနာလည်းမရှိတဲ့ သွားဆေးခန်း တစ်ခုပါ။ သွားဆရာဝန် Kazama က Kahara သွားနာရခြင်း အကြောင်းက နှလုံးသားမှာ ဒဏ်ရာရနေလို့ ဖြစ်တဲ့ "အစားထိုးနာကျင်မှု" လို့ပြောလာပါတယ်။ Kahara ရဲ့ နာကျင်မှု အစစ်အမှန်ကို သိအောင် လုပ်ဖို့ ပြောလာတာကြောင့် သူ့ရဲ့ နှလုံးသားခံစားချက်တွေကို ဖွင့်ဟလာပါတယ်။ မကြာသေးခင်ကမှ ပြတ်သွားတဲ့ ရည်းစားက နောက်ကောင်မလေး တစ်ယောက်နဲ့ ဖေါက်ပြန်နေခဲ့တာကနေ စတဲ့ နာကျင်မှုပဲ ဖြစ်ရမယ်လို့ သူ့ စိတ်ထဲ ထင်လာခဲ့ပါတယ်။ ဒီ အသဲကွဲ ဇာတ်လမ်းကို နားထောင်ကြည့်ရအောင်။ (၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)