RADIO TOMO ဂျပန်ရောက်မြန်မာများ - ဂျပန်ကမြန်မာမေမေတို့ရဲ့ဘဝ ဒုတိယပိုင်း
ဒီတစ်ပတ် ဂျပန်ရောက် မြန်မာများ ဆိုတဲ့ ကဏ္ဍရဲ့ ဂျပန်က မြန်မာမေမေတို့ရဲ့ဘဝ အစီအစဉ် ဒုတိယပိုင်းမှာတော့ ဂျပန်မှာကျောင်းစတက်မယ့် ဂျပန်ရောက်ခါစ ကလေးတွေအတွက် ဘယ်လိုစနစ်တွေရှိသလဲ။ ဂျပန်ရောက် မြန်မာမေမေတွေ သူတို့ရဲ့ ကျောင်းနေအရွယ် ရင်သွေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာအောင် ဘယ်လိုပြုစုပျိုးထောင်ကြသလဲ။ ဂျပန်ရောက် မိမိရဲ့လူနေမှုဘဝမှာ အခက်အခဲရှိနေရင် ဘယ်လို ဖြေရှင်းနိုင်မလဲ စတဲ့ နည်းလမ်းတွေကို နားဆင်ရပါမယ်။
အစီအစဉ် တင်ဆက်သူ ပွင့်နဲ့ သူ့ရဲ့သမီး
မဖြိုးသီတာစိုးနဲ့ သူ့ရဲ့ သားနဲ့သမီး