ဂျပန်စာပေမွေ့ပျော်ချိန် - "မျက်နှာဖုံးတပ် အသုဘအခမ်းအနား " ( ဇာတ်သိမ်းပိုင်း )
သိပ်မဝေးတဲ့အနာဂတ်မှာ ပုံမှန်အနေအထားလိုဖြစ်လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့ လူမှုအသိုက်အဝန်းပုံစံအဖြစ် ပြောင်းလဲလာနေပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်အမျိုးသားဟာ အနှစ် ၂၀ ကြာ မရောက်ဖြစ်ခဲ့တဲ့ သူ့ရဲ့ဇာတိမြို့ကို ပြန်လာခဲ့ပြီး ကိုယ်စားအသုဘ တက်ရောက်ပေးသူအဖြစ် ယာယီ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အသုဘခန်းမမှာ တွေ့လိုက်ရတဲ့ ကွယ်လွန်သွားသူဟာ ဟိုးအတိတ်က သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်တယ်ဆိုတာကို သူသိလိုက်ရပါတယ်။ အဲဒီလူရဲ့ လက်ချက်နဲ့ သူဟာ ဇာတိမြို့ကနေ ထွက်ခွာခဲ့ရတယ်။ အသုဘအခမ်းအနားကျင်းပတဲ့ ခန်းမထဲမှာတော့ ဒေသခံတွေနဲ့ ပြည့်နေပြီး သူက လက်စားချေဖို့ အစီအစဥ်ကို ကြံစည်ခဲ့ပါတယ်။ အသုဘအခမ်းအနား တက်ရောက်လာသူတိုင်းဆီကို သူအနိုင်ကျင့်ခံခဲ့ရတဲ့သက်သေ အသံမှတ်တမ်းကို ပို့ဖို့ သူပြင်ဆင်လိုက်ပါတယ်။ သူ့အစီအစဥ်ကို သူအကောင်အထည်ဖော်နိုင်ပါ့မလား? ။ နောက်ပိုင်း ဘာတွေဆက်ဖြစ်လာမလဲ?။ တတိယပိုင်းကို စောင့်မျှော်နားဆင်ကြရအောင်။