ဂျပန်စာပေမွေ့ပျော်ချိန် - "မျက်နှာဖုံးတပ် အသုဘအခမ်းအနား " ( ဒုတိယပိုင်း )
သိပ်မဝေးတဲ့အနာဂတ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုဟာ ပုံမှန်အနေအထားလို ဖြစ်လာနေပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်အမျိုးသားဟာ အခွန်ပေးဆောင်ဖို့ ရှိနေတာကြောင့် မိဘတွေချန်ထားရစ်တဲ့အိမ်ကို ရောင်းချဖို့အတွက် အနှစ် ၂၀ ကြာ မရောက်ဖြစ်ခဲ့တဲ့ သူ့ရဲ့ဇာတိမြို့ကို ပထမဆုံးအကြိမ် ပြန်လာခဲ့ပါတယ်။ သူထိုးထားတဲ့ ကာကွယ်ဆေး သက်တမ်းကလည်း ကုန်ခါနီးနေပြီဖြစ်ပြီး နောက်ထပ် အားဖြည့်ကာကွယ်ဆေးထိုးဖို့အတွက် ငွေလိုတာကြောင့် နာရေးဝန်ဆောင်မှုမှာ ယာယီ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အသုဘခန်းမကို သွားတဲ့လမ်းမှာ မျက်နှာဖုံးတပ် အသုဘအခမ်းအနား ကိုယ်စားတက်ရောက်သူတွေကို အစုလိုက်အပြုံလိုက် တွေ့နေရပါတယ်။ ကပ်ရောဂါကြီးကြောင့် အနာဂတ်လူ့အဖွဲ့အစည်းမှာ အသုဘအခမ်းအနားကို မိမိကိုယ်စား တက်ရောက်ပေးတဲ့ ဝန်ဆောင်မှုကိုလုပ်တဲ့သူတွေ များလာပါတယ်။ အသုဘ ခန်းမဝင်ပေါက်မှာ ရေးထားတဲ့ ကွယ်လွန်သူရဲ့ နာမည်ကို မြင်လိုက်ရတော့ သူ့ဘဝမှာ ရန်ကြွေးရှိခဲ့သူဆိုတာကို ချက်ခြင်း ရိပ်မိလိုက်ပါတယ်။ သူဟာ အံ့အားသင့်မှုတွေနဲ့အတူ ဟိုးအတိတ်က ခံစားခဲ့ရတဲ့ ညှင်းပန်းနှိပ်စက်ခံရတာတွေကို တရေးရေး ပြန်မြင်ယောင်လို့ လာပါတော့တယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဒုတိယပိုင်းကို နားဆင်ကြည့်ရအောင်။