ဂျပန်စာပေမွေ့ပျော်ချိန် - "နေမင်း" ( ဒုတိယပိုင်း )
မီးစ် Kahara အသဲကွဲဒဏ်ရာကြောင့်လို့ထင်ရတဲ့ သွားအရမ်းနာနေတဲ့ "အစားထိုးနာကျင်မှု"ကို ခံစားနေရပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ သွားဆေးခန်းက ဆရာဝန် Kazama က မီးစ် Kahara ရဲ့ နှလုံးသားကို နာကျင်စေတဲ့ နောက်ကွယ်က တရားခံကို ဖော်ထုတ်နိုင်မှ သွားနာတာ ပျောက်မယ်လို့ ပြောခဲ့ပါတယ်။ သူ့ကို လိမ်လည်ပြီး စွန့်ပစ်ခဲ့တဲ့ ရည်းစားဟောင်းက တရားခံဖြစ်မယ်လို့ မီးစ် Kahara က သံသယရှိနေပါတယ်။ ဒါမှမဟုတ် သူ အနှစ်သက်ဆုံး အရက်ဆိုင်ပိတ်သွားတာ၊ ဘေးအိမ်ကနေ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အသံတွေ ကြားနေရတာ၊ အလုပ်ထဲက အထက်လူကြီးကို စိတ်မကျေမနပ် ဖြစ်နေတာတွေကြောင့်များလားလို့လည်း သူက စဉ်းစားနေပါတယ်။ သွားကိုက်စေတဲ့တရားခံဟာ အဲဒါတွေအားလုံး တစ်စုတစ်စည်းတည်းပေါင်းပြီး ဒုက္ခပေးနေတာလည်း ဖြစ်နိုင်တယ်လို့ သူက တွေးပါတယ်။ မီးစ် Kahara တစ်ယောက် သူ့နှလုံးသားကို နာကျင်စေတဲ့ တရားခံအစစ်ကို ရှာတွေ့နိုင်ပါ့မလား။ “နေမင်း” ဆိုတဲ့ ဝတ္ထု ဒုတိယပိုင်းကို ဆက်လက်နားဆင်ပါ။