Radio TOMO - လူငယ်အိပ်မက်
လူငယ်တွေရဲ့အိပ်မက်ကို အကောင်အထည် ဖေါ် ပေးနိုင်ဖို့ လူကြီးတွေက လမ်းပြပေးရမှာ ရှိသလို၊ လူငယ်တွေ ကိုယ်တိုင်မှာလည်း ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင် စွမ်းဆောင်ဖို့ ခွန်အားတွေ ရှိပါတယ်။ ကိုယ့်မိသားစုအတွက်၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်အနာဂတ်အတွက် ဘာလုပ်နိုင်မလဲ လို့ လူငယ်တွေက စဉ်းစားတတ်ကြပါတယ်။ စဉ်းစားတဲ့အတိုင်း ကိုယ့်ဘဝကို ကြိုးစားပြီး တည်ဆောက်လာခဲ့တဲ့ သူကတော့ မချိုကြည်စိုးပါ။ မိသားစုက မပြည့်စုံပေမယ့် ဘယ်လိုကြိုးစားရင် ဘဝဟာ ပြောင်းလဲသလဲ? ဂျပန်မှာ ပညာသင်ဖို့ ငွေမရှိလည်း ဖြစ်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ မချိုကြည်စိုးက ပြောပြထားတဲ့ လူငယ်တွေအတွက် ခွန်အားဖြစ်စေမယ့် စကားသံတွေကို နားဆင်ကြည့်ပါ။
ဂျပန်ပညာသင်ဆုနဲ့ ပါရဂူဘွဲ့ရတဲ့ အထိ ကြိုးစားနိုင်ခဲ့တဲ့ မချိုကြည်စိုး