Radio TOMO "ဂျပန်စာပေမွေ့ပျော်ချိန်" - "ပျားအုံတုတ်ထိုး"
စာရေးဆရာ Ariai Ran ရေးသားထားတဲ့ “ပျားအုံတုတ်ထိုး” ဇာတ်လမ်းကို ဒီတစ်ပတ် နားဆင်ရပါမယ်။ ဇာတ်လိုက်ကတော့ ပိုးမွှားသုတေသန ပညာရှင် မစ္စတာ F ။တစ်နေ့မှာ သူ့သူငယ်ချင်း မစ္စတာ T က ထူးဆန်းတဲ့လူနာတစ်ဦး ဖြစ်တဲ့ မစ္စတာ E ကို မိတ်ဆက်ပေးပါတယ်။ မစ္စတာ E ရဲ့ ဗိုက်ပေါ်မှာ ပျားအုံတစ်ခု စွဲကပ်နေတာကို တွေ့လိုက်ရတဲ့အခါ မစ္စတာ F အရမ်း အံ့သြသွားပါတယ်။ ပိုးမွှားတွေကို သုတေသနလုပ်နေတဲ့သူဆိုတော့ ဒါကို မြင်လိုက်တယ်ဆိုရင်ပဲ သွေးတွေဆူလာပြီး မစ္စတာ E ကို ခေါ်ထားဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနေ့ကစပြီး လူနဲ့ပျား အတူတွဲရှိနေတဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းရပါတော့တယ်။ မစ္စတာ E ကို စောင့်ကြည့်လေ့လာနေတဲ့ အချိန်မှာပဲ မစ္စတာ F ဟာ မမျှော်လင့်တဲ့ အဆုံးသတ်နဲ့ ရင်ဆိုင်ရပါတော့တယ်။