Top
Radio TOMO ဒဏ္ဍာရီပုံပြင်ထဲက ဂျပန်စကား " လက်အိတ်ဝယ်ဖို့ သွားကြမယ်"
ဒီတစ်ကြိမ် မှာ"လက်အိတ်ဝယ်ဖို့ သွားကြမယ်"ဆိုတဲ့ ပုံပြင်လေးကို နားဆင်ပြီး ဂျပန်စကားကို သင်ယူပါမယ်။ ဒီပုံပြင်ထဲကနေ ဂျပန်ရဲ့ ရိုးရာနဲ့ သဘာဝပတ်ဝန်းကျင်တွေကို သိနိုင်ပြီး ပုံပြင်တွေကတစ်ဆင့် ဂျပန်ဘာသာစကား အများအပြားကို လေ့လာနိုင်ပါတယ်။ ဂျပန်ဘာသာကို လမ်းညွှန်ပေးမှာကတော့ လွယ်ကူသော ဂျပန်စကား အစီအစဉ်မှာလည်း ဦးဆောင်သင်ကြားပေးနေတဲ့ ဆရာမ Tokunaga Akane ပါ။ သောတရှင်များအားလုံးနဲ့ အတူ ဂျပန်စာကိုလေ့ကျင့်ပေးမှာကတော့ သရုပ်ဆောင် မိုရိစာကီဝင်း ဖြစ်ပါတယ်။
ဂျပန်စာ ဆရာမ Akane Tokunaga
အဆိုတော် ရုပ်ရှင်သရုပ်ဆောင် အဝင်း
လူတွေက ကောင်းလား မကောင်းဘူးလားဆိုတာကို သင်ကြားပေးနေတဲ့ မြေခွေးမေမေနဲ့ လက်အိတ်အနီလေးရလို့ ပျော်နေတဲ့ မြေခွေးသားလေး − ဂျပန်ရိုးရာ Kirie ပန်းချီကား