Radio TOMO "ဂျပန်စာပေမွေ့ပျော်ချိန်" - "ထွက်ခွာခြင်း" − အပိုင်း(၃)
Koichi အလုပ်လုပ်နေတဲ့ ကုမ္ပဏီကိုလည်း ကမ္ဘာ့ငွေကြေးအကျပ်အတည်းရဲ့ ဂယက်က ရိုက်ခတ်လာပါတယ်။ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့တဲ့ ကုမ္ပဏီကနေ ကုမ္ပဏီခွဲတွေဆီကို အလုပ်ပြောင်းရွှေ့တာ ဒါမှမဟုတ် နှစ်စောပြီးပင်စင်ယူရမယ့် အဖြစ်နဲ့ ကြုံနေပါပြီ။ ဒီအတွင်း အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ပြန်လာတဲ့ သားပြဿနာကလည်း ရှိပါသေးတယ်။ သားဖြစ်သူကို ပထမတန်းစား တက္ကသိုလ်ကနေ ဘွဲ့ယူပြီး ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရရမယ်လို့ စံနှုန်းတွေ သတ်မှတ်ခဲ့တဲ့ Koichi ဟာ အကျပ်ရိုက်နေရပါပြီ။ ခေတ်မတူဘဲ မွေးဖွားကြီးပြင်းလာတဲ့ သူ့သားနဲ့ သူ့ကြား အခု ကွာဟမှုတွေ ကို ဘယ်လို ညှိနှိုင်းမလဲ။ ကိုယ်တိုင်လည်း အလုပ်ပြုတ်သွားနိုင်တဲ့ အနေအထားဖြစ်နေတဲ့ Koichi ဟာ ဖခင်တစ်ဦးအနေနဲ့ သားဖြစ်သူကို ဘာတွေ ပြောမလဲ ။ ဇာတ်သိမ်းပိုင်းကို နားဆင်ကြည့်ပါ။