Radio TOMO "ဂျပန်စာပေမွေ့ပျော်ချိန်" - "ထွက်ခွာခြင်း" − အပိုင်း(၂)
Koichi အလုပ်လုပ်နေတဲ့ ကုမ္ပဏီကိုလည်း ကမ္ဘာ့ငွေကြေးအကျပ်အတည်းရဲ့ ဂယက်ကရိုက်ခတ်လာပါတယ်။ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့တဲ့ ကုမ္ပဏီကနေ ကုမ္ပဏီခွဲတွေဆီကို အလုပ်ပြောင်းရွှေ့တာ ဒါမှမဟုတ် နှစ်စောပြီးပင်စင်ယူရမယ့် အဖြစ်နဲ့ ကြုံလာရပါပြီ။ အလုပ်လက်မဲ့ဖြစ်ပြီး ရှိတဲ့ပိုက်ဆံအားလုံးနီးပါး ကုန်မှ အိမ်ကိုပြန်လာတဲ့ သားဖြစ်သူ ပြဿနာ ကလည်း ရှိပါသေးတယ်။ အရင်က သားကို “အရှုံးသမား” လို့ နှိမ့်ချပြောခဲ့တဲ့ သူကိုယ်တိုင်က အခု အလုပ်လက်မဲ့ဖြစ်မယ့် အနေအထားနဲ့ ရင်ဆိုင်နေရတာမို့ သားဖြစ်သူနဲ့ သူဘယ်လို ရင်ဆိုင်ရမလဲ စိတ်တွေ ရှုပ်နေပါတယ် ။ ရှေ့လျှောက် Koichi နဲ့ သူ့မိသားစုရဲ့ ဆက်ဆံရေးက ဘယ်လို ပြောင်းလဲသွားမှာလဲ။ နားဆင်ကြည့်ကြရအောင်။