Radio TOMO "ဂျပန်စာပေမွေ့ပျော်ချိန်" - "ထွက်ခွာခြင်း" − အပိုင်း(၁)
တစ်နေ့ မနက်စောစောအချိန်မှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် Koichi က သူ့အိမ်ရှေ့တံခါးဝမှာ လဲကျနေတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ပါတယ်။ အဲဒီသူကတော့ မတွေ့ရတာ ၅နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့တစ်ဦးတည်းသောသားဖြစ်သူ Ryoji ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးသည် Akiko က သားရဲ့ကျန်းမာရေးကို စိတ်ပူနေပေမယ့်လည်း Koichi ကတော့ သားကို “အရှုံးသမား ”လို့ မကျေမနပ်နဲ့ ပြောဆိုနေခဲ့ပါတယ်။ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ခွင့်ရဖို့ တက္ကသိုလ်ကျောင်းကို ဆက်မတက်ခဲ့တဲ့ သူ့သားကို Koichi က စိတ်ပျက်နေခဲ့ပါတယ်။ အခု သားက ပိန်ချုံးချည့်နဲ့ပြီး အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ တစ်နေ့ Koichi အလုပ်လုပ်တဲ့ ကုမ္ပဏီက အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ဖို့ ဝန်ထမ်းအားလုံးကို ဆင့်ခေါ်ခဲ့ပါတယ်။ ဘာတွေ ဖြစ်မလဲ? နားဆင်ကြည့်ရအောင်။