Radio TOMO ကိုရိုနာနဲ့အတူနေထိုင်ခြင်း (၁၀) ကလေးများအတွက် အွန်လိုင်းသင်တန်း
၂၀၁၃ခုနှစ်ကတည်းက NGO အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက ရွာတွေမှာ ကျောင်းတွေဆောက်ပေးတာ၊ ဆရာဆရာမတွေအတွက် အရည်အချင်းမြှင့်သင်တန်းတွေပေးတာကို လုပ်လာခဲ့တဲ့ မစ္စတာ Hirano Nobuyuki ဟာ ၂၀၂၀ကတည်းက ကလေးတွေကျောင်းမတက်ရတဲ့ ကိစ္စကို စိုးရိမ် ပူပန်နေပါတယ်။ ဒါ့ကြောင့် မြန်မာပြည်က ကလေးတွေအတွက် တစ်ပိုင်တစ်နိုင် အွန်လိုင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးနေတဲ့ မစ္စတာ Hiranoနဲ့ မြန်မာကလေးတွေရဲ့ စကားသံကို နားဆင်ကြရပါမယ်။ (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
မြန်မာပြည်က ကလေးတွေကို အွန်လိုင်းကနေ ယဉ်ကျေးလိမ္မာသင်ပေးနေတဲ့ ဆရာ Hirano Nobuyuki
ကိုရိုနာ ကပ်ရောဂါဖြစ်ကတည်းက ကျောင်းမတက်ရတဲ့ ကလေးတွေ အွန်လိုင်းမှာ သင်တန်းတက်တာ ခေတ်စားနေပါတယ်။