ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ နေထိုင်ခြင်း (အပိုင်း ၂)
ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ ရုတ်တရက်များပြားလာပြီး ၂၆ ရက်နေ့အထိ ကူးစက်ခံရသူ စုစုပေါင်း ၂၇၄၀၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ တစ်နေ့တာ သေဆုံးသူ ဦးရေဟာ ၂၆ ရက်နေ့မှာ ၃၉၆ဦးရှိတယ်လို့ သိရှိရပါတယ်။ ကျောင်းတွေ၊ရုံးတွေ၊ဘဏ်တွေ ပိတ်ပြီး အကန့်အသတ်နဲ့ ထားရှိပေမဲ့ ဆေးရုံဆေးခန်းတွေက အပြည့်အဝ အလုပ်မလုပ်နိုင်သေးတာကြောင့် ကူးစက်ခံရသူ လူနာတွေမှာ အခက်အခဲတွေ အများကြီး ဖြစ်နေပါတယ်။ ကိုဗစ် ကူးစက်ရင် သတိထားရမယ့် အချက်အလက်တွေ၊ သိသင့်သိထိုက်တဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အချက်တွေကို မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ကိုဗစ်လူနာတွေကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ ဒေါက်တာ ယမင်းရွှေရည်စိုး က ပြောကြားပေးထားတာကို တင်ဆက်ပါမယ်။
ဒေါက်တာ ယမင်းရွှေရည်စိုး၊ မကေခိုင်နဲ့ ကောင်းစု